ဆီးချိုရောဂါရှိပြီဆိုလျှင် သွေးထဲက Suger Level ကို တိုင်းတာဖို့ ဆီချိုတိုင်းစက် တခုလိုအပ်ပါတယ်။ လေ့ကျင့်ခန်း၊ အစားအသောက်၊ ဆေးဝါးများနှင့် အခြားအကြောင်းများကြောင့်လည်း Blood Glucose Level အတက်အကျဖြစ်ခြင်းကို ဆီးချိုတိုင်းစက်သုံးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ ပုံသဏ္ဍန်အမျိုးမျိုး၊ Modelအမျိုးမျိုးနှင့် ဆီးချိုတိုင်းစက်များကိုတွေ့ရှိနိုင်ပါတယ်။

ဆီးချိုတိုင်းစက် ဝယ်ယူမည်ဆိုပါက အောက်ပါအချက်များကို စဉ်းစားပြီးမှ ဝယ်ယူသင့်ပါတယ်…

1️⃣ အာမခံချက်
🔷 ဆီးချိုတိုင်းစက် အများစုကတော့ အာမခံချက်များပါတတ်ကြပါတယ်။ အချို့စက် တွေမှာတော့ ကုမ္ပဏီအပေါ်မူတည်ပြီး ၁နှစ်၊ ၂နှစ်၊ ၅နှစ်အထိ အာမခံချက်များ ပါရှိပြီး စက်ချို့ယွင်းမှုရှိလျှင် အသစ်တလုံးနှင့် ပြန်လဲပေးတတ်ကြပါတယ်။

2️⃣ ဈေးနှုန်း
🔷 စက်တခုနှင့်တခု ဈေးကွာခြားမှုတွေတော့ရှိတတ်ကြပါတယ်။ ဈေးကြီးလျှင်ပိုကောင်းတတ်ကြသော်လည်း နောက်ပိုင်းအဆင်မပြေတဲ့အခါ ငွေကုန်ရကျိုးမနပ်ပဲ ဖြစ်တတ်ကြပါတယ်။ မိမိတတ်နိုင်သည့် ဈေးနှုန်းနှင့် strip ပြားလွယ်ကူစွာဝယ်လို့ရသည့်အပေါ် မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ အချို့စက်များသည် ဈေးကြီးပြီးကောင်းသော်လည်း strip ပြားမှာ အလွယ်တကူ ဝယ်ယူလို့မရနိုင်သဖြင့် သုံးမရပဲ ဖြစ်နေတတ်ပါတယ်။

3️⃣ သုံးရလွယ်ကူပြီး အလွယ်တကူ ထိန်းသိမ်းနိုင်သည့်စက်
🔷 အချို့စက်တွေက သုံးရသည်မှာ အလွန်လွယ်ကူလှပါတယ်။ Screen ပေါ်တွင် BGL (Blood Glucose Level) ကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့စက်ကိုရွေးချယ်သင့်ပါတယ်။ Strip ပြားပေါ်ကို သွေးအလွယ်တကူတင်နိုင်ပြီး စက်နှင့်stripပြားသည် မိမိအတွက် အသုံးပြုရန်လွယ်ကူသောစက်ကိုရွေးချယ်သင့်ပါတယ်။

🏪ရွှေမန္တလာမြေအတွက် နေ့စဉ် ၂၄နာရီပတ်လုံး ဆေးဝါးဝယ်ယူလို့ရနိုင်မယ့်အပြင် တမူထူးကဲစွာ ကျပ် ၂၀၀၀၀ နှင့်အထက် ဝယ်ယူပါက မန္တလေးမြို့တွင်း အိမ်အရောက်ပို့ 🛵(နံနက်၉နာရီမှ ညနေ၆နာရီအတွင်း) ဝန်ဆောင်မှုပေးနေပြီနော်…

💊ဆေးဝါးအရည်အသွေးအတွက်လည်း နိုင်ငံတကာစံနှုန်းများနှင့်အညီ ထားသိုသိမ်းဆည်းပြီး ဆေးဝါးနှင့်ပတ်သတ်သောအကြောင်းအရာများ တိုင်ပင်ဆွေးနွေး၍ အကြံဉာဏ်များ ရယူနိုင်မယ့် 👩‍⚕️ဆေးဝါးကျွမ်းကျင် (Pharmacist) များကအသင့် ဝန်ဆောင်မှုပေးနေဦးမှာဖြစ်လို့ Win Med Pharmacy သို့ အရောက်လှမ်းဝယ်ယူကြဖို့ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်လိုက်ရပါတယ်…

“ထာဝရ ကျန်းမာရွှင်လန်းစေဖို့
Win Med ဆေးဆိုင်ကို သွားကြပါစို့”