အပတ်စဉ်တင်ဆက်ပေးနေတဲ့ Vitamin တွေအကြောင်းသိကောင်းစရာများထဲမှ ဒီတပတ်မှာတော့ Vitamin D အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်…
🌞Vitamin D ကခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေထဲမှာ မရှိမဖြစ်လိုအပ်တဲ့ Vitamin ဖြစ်ပါတယ်။အချို့ Vitamin တွေက အစားအစာတွေကရပြီး Vitamin D ကတော့ နေရောင်ခြည်ထိတွေ့မှုကတဆင့်အများဆုံးရရှိပါတယ်။ Vitamin D ဆိုတာ Prohomone တခုဖြစ်ပြီး နေရောင်ခြည်ကလာတဲ့ Ultraviolet Brays တွေကလူတွေရဲ့ အရေပြားပေါ်မှာရှိတဲ့ 7 dehydrocholestrol နဲ့ ဓာတ်ပြုပြီး Vitamin D3 ကိုထုတ်လုပ်ပေးပါတယ်။
🌞နေရောင်နှင့်ထိတွေ့မှုနည်းပါးခြင်းကြောင့် Vitamin D ချို့တဲ့တာဖြစ်ပါတယ်။
🌞Vitamin D ချို့တဲ့ရင်ဘာတွေဖြစ်မလဲ?
▪️အရိုးတွေပါးလာမယ်၊ကြေလာမယ်…
▪️အရိုးတွေပွလာပြီး၊အရိုးတွေအလွယ်တကူကျိုးလာနိုင်မယ်…
▪️ကြွက်သားတွေအားနည်းလာမယ်…
▪️ကြောက်ရွံ့ခြင်း၊စိတ်ဓာတ်အလွယ်တကူကျခြင်း စတဲ့စိတ်ခံစားမှုတွေလည်းဖြစ်လာမယ်။
🌞Vitamin D ဓာတ်မနည်းအောင်ဘယ်လိုနေရမလဲ?
▪️နံနက်ခင်းနေရောင်ခြည် (၁၀နာရီ-၁၂နာရီ) အတွင်း အတွင်း Ultraviolet B rays ဟာ Vitamin D အများဆုံးပါဝင်လို့ နေ့စဉ် မိနစ်၂၀ခန့် နေပူစာလှုံလျှင် Vitamin D လုံလောက်တဲ့ပမာဏကိုရရှိနိုင်ပါတယ်။
▪️Vitamin D ကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေဖြစ်တဲ့ အဆီများသောငါး၊ ဆယ်လ်မွန်၊ တူနာ၊ ငါးကြီးဆီ၊ နို့၊ ကြက်ဉ၊ ထောပတ်၊ အစိမ်းရောင်အသီးအရွက်၊ လိမ္မော်ဖျော်ရည်၊ နေရောင်ခြည်နှင့်ထိတွေ့ထားသောမှို စတဲ့ အစားအသောက်တွေစားရပါမယ်။
🌞Vitamin D ရဲ့လုပ်ဆောင်ချက်တွေက
▪️Calcium ဓာတ်ကိုစုပ်ယူပြီးအရိုးကျန်းမာရေးကိုထောက်ပံ့ပေးပါတယ်…
▪️ကြွက်သားကျန်းမာရေးကိုမြှင့်တင်ပေးတယ်…
▪️ကိုယ်ခံအားဖွဲ့စည်းပုံကိုထိန်းညှိပေးတယ်…
▪️ဆဲလ်ကြီးပွားခြင်းကိုကူညီပေးပါတယ်…
▪️ရောင်ယမ်းခြင်း(လေးဘက်နာအကိုက်အခဲ၊အရေပြားယားယံခြင်း)ကိုလျော့ချပေးတယ်…
▪️သွေးဖိအားကိုထိန်းညှိပေးခြင်းနှင့် နှလုံးသွေးကြောကျန်းမာရေးကိုကူညီပေးပါတယ်…
🌞Vitamin D များရင်ဘာတွေဖြစ်နိုင်လဲ?
▪️ကျောက်ကပ်အားနည်းသူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေမှာ Calcium ဓာတ်များခြင်းကြောင့် ဆိုးကျိုးရှိနိုင်ပေမဲ့ ပုံမှန်သူတွေမှာတော့ ပြသနာမရှိနိုင်ပါဘူး…
▪️ခန္ဓာကိုယ်တွင်Calcium များကျောက်ကပ်နှင့်နှလုံးတွင်စုပုံလာခြင်းကြောင့် သွေးကြောများ မာခဲလာခြင်းဖြစ်လာနိုင်ပါတယ်…
▪️Vitamin D အားများပြားတဲ့ပမာဏကို ကာလကြာရှည်စွာ မသောက်ပဲ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်သုံးသင့်ပါတယ်။
🏪ရွှေမန္တလာမြေအတွက် ကျပ် ၂၀၀၀၀ နှင့်အထက် ဝယ်ယူပါက မန္တလေးမြို့တွင်း(အခမဲ့) အိမ်အရောက်ပို့ 🛵(နံနက်၉နာရီမှ ညနေ၅နာရီအတွင်း) ဝန်ဆောင်မှုပေးနေပြီနော်…
💊ဆေးဝါးအရည်အသွေးအတွက်လည်း နိုင်ငံတကာစံနှုန်းများနှင့်အညီ ထားသိုသိမ်းဆည်းပြီး ဆေးဝါးနှင့်ပတ်သတ်သောအကြောင်းအရာများ တိုင်ပင်ဆွေးနွေး၍ အကြံဉာဏ်များ ရယူနိုင်မယ့် 👩⚕️ဆေးဝါးကျွမ်းကျင် (Pharmacist) များကအသင့် ဝန်ဆောင်မှုပေးနေဦးမှာဖြစ်လို့ Win Med Pharmacy သို့ အရောက်လှမ်းဝယ်ယူကြဖို့ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်လိုက်ရပါတယ်…
“ထာဝရ ကျန်းမာရွှင်လန်းစေဖို့
Win Med ဆေးဆိုင်ကို သွားကြပါစို့”
Recent Comments